စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခါကြက်ဥ (ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် မိသားစုအိမ်ခြံမြေများတွင်သာ စိုက်ပျိုးကြပြီး မိမိတို့ဒေသတွင်း ကျေးရွာများနှင့် ကန့်ဘလူမြို့၊ ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြကြောင်းသိရသည်။
ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းရောင်းချနေသူများသည် ခါကြက်ဥများကို ရောင်းချ လျက်ရှိရာ ခါကြက်ဥ(ဗမာ)ဥမှာ ဒေသတွင်းမှ ထွက်ရှိပြီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၀၀၀)ကျပ် ၂၅ကျပ် သားလျှင်(၁၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) ဥသေး တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ၂၅ကျပ်သားလျှင်(၉၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ခါကြက်ဥ(ဗမာ)ဥကြီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) ဥသေး တစ်ပိဿာ လျှင်(၂၅၀၀)ကျပ် ၂၅ကျပ်သားလျှင်(၇၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဇန်နဝါရီလနောက်ဆုံးအပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ခါကြက်ဥဈေးနှုန်း တစ်ပိဿာလျှင် (၁၀၀၀) ကျပ် ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)