Main menu

ကန့်ဘလူခရိုင်၏ မန်ကျည်းသီးမှည့် ဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျပေါက်ရောက်ကြသည်။ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်း သီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များကို လူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်သည်။ အစေ့လွတ်မန်ကျည်းသီးမှည့်ရရှိရန်အတွက် မန်ကျည်းသီးမှည့် အတောင့်များကို  အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါမန်ကျည်းသီးမှည့်ထက် ဈေးပိုရကြောင်း သိရသည်။

          ကန့်ဘလူခရိုင်၌ မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ဒေသတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းမှည့်ဆော့ပြုလုပ်ရန်အတွက် ဝယ်ယူကြ ကြောင်း၊ အဖျော်ရည်ဆိုင်များမှလည်း အသုံးပြုကြောင်း၊ ဖေဖော်ဝါရီလပထမပတ်အတွင်း  အစေ့လွတ်မန်ကျည်းသီးမှည့်(အဟောင်း)တစ်ပိဿာလျှင် ၁၄၀၀၀ မှ ၁၅၀၀၀ ကျပ် ၊(၅၀)ကျပ်သား လျှင် ၇၀၀၀ မှ ၇၅၀၀ကျပ်၊ အစေ့ပါမန်ကျည်းသီးမှည့်(အသစ်)တစ်ပိဿာလျှင်  ၂၅၀၀ မှ ၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မန်ကျည်းသီးမှည့်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)