Main menu

ကန့်ဘလူမြို့တွင် ရောင်းချနေသော ကျွဲကောသီးနှင့် သခွားမွှေး ဈေးနှုန်းဈေးကွက်

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသော သစ်သီးဆိုင်များတွင် ကျွဲကောသီးနှင့် သခွားမွှေးများကို အများအပြားရောင်းချနေ ကြကြောင်းသိရသည်။ ကျွဲကောသီးနှင့် သခွားမွှေးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူ ရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

          ကျွဲကောသီးနှင့် သခွားမွှေးသည် အရည်ရွမ်းသော အသီးဖြစ်သောကြောင့်  အဖျော်ရည် ပြုလုပ်၍လည်းကောင်း၊  သရေစာအဖြစ်လည်း စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျွဲကောသီး(၁)လုံးလျှင်  (၃၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ သခွားမွှေး(အဝါ) သီး(၁)လုံးလျှင် (၅၀၀၀)ကျပ်နှင့် သခွားမွှေး (အစိမ်း)သီး(၁)လုံးလျှင် (၇၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)