Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေး‌နွေးခြင်းဆောင်ရွက်

Powered by Drupal

             စားသုံးသူရေးရာဦးစီဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၅.၂.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ နဝင်းရပ်ကွက်ရှိ ဝါရုံအခြေခံ ပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည်။

           အဆိုပါဟောပြောပွဲတွင် ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းမှ အဖွင့်အမှာစကားပြောကြားပြီး  ဒေါ်ခင်ဆွေဦး (ဒု-ဦးစီးမှူး)မှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များနှင့် ကျောင်းသား/ကျောင်းသူများအား အစားအသောက်များဝယ်ယူစားသောက်ရာတွင် မြန်မာစာကုန်အညွှန်းပါသည့်မုန့်များကိုသာ အဓိကထား၍ဝယ်ယူသုံးစွဲကြရန်၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးရက်စွဲများအား သေချာကြည့်ရှုပြီးဝယ်ယူကြပါရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမ (၈)ဦးနှင့် ကျောင်းသား /ကျောင်းသူ (၁၁၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)