Main menu

သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များတွင် ဈေးနှုန်းမြင့်တင် ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းခြင်း

Powered by Drupal

           နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၅.၂.၂၀၂၅)ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိနှင့် ဆေးများပြတ်လပ်ခြင်းရှိ/မရှိ၊ ဆေးပစ္စည်းများ လက်ကျန်မြေပြင်အခြေအနေများနှင့် ဈေးနှုန်းမြင့်တင် ရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)