စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းတွင် ကုန်စိမ်း သီးနှံအစုံ ရောင်းချလျက်ရှိရာ ရာသီပေါ်အသီးအရွက် များဖြစ်သည့် တမာရွက်၊ ချဉ်ပေါင်ရွက်၊ ကန့်လန့်ဖူး၊ နံနံပင်၊ ပဲကြီးအစို၊ ဘိုစားပဲအစို၊ စားတော်ပဲစို ၊ ဓေါပတ်ပဲစိုမုံလာသီး၊ ပန်းမုံလာ၊ မုံလာထုတ်၊ ခါကြက်ဥ၊ ခရမ်းသီး၊ သံပုရာသီး၊ နှင့် ခရမ်းချဉ်သီး စသည့်သီးနှံများရောင်းချလျက်ရှိကြောင်းသိရသည်။
တမာရွက် အမျိုးအစား အမျိုးမျိုးရှိရာ ခြံစည်းရိုးတမာ၊ ရေတမာနှင့် စားတမာ ဟူ၍ ရှိသည့်အနက် စားတမာဖူး/တမာရွက်သည် လူတိုင်းနီးပါး ကြိုက်နှစ်သက်သော အရွက်တစ်မျိုးဖြစ်ပြီး ထမင်းမြိန်စေ သော အရန်ဟင်းကြမ်းတစ်မျိုးအဖြစ် အသုံးပြုကြပါသည်။ လူအများ စားသုံးသော တမာဖူး/တမာရွက်ကို အသုံးပြုမှုအနေဖြင့် တမာဖူး/တမာရွက်ကို ရေနွေးဖြင့်ပြုတ်ဖျောပြီး ဇီးသီး၊ မန်ကျီးသီးမှည့် သရက်သီး ခြေက်အချည်တို့ဖြင့် စိမ်ထားပြီးသော အဖူးအရွက်ကို ငပိရည်ကျို၊ ခရမ်းချဉ်သီးငပိချက်တို့နှင့် တို့စားကြသလို၊ တမာဖူး/တမာရွက်ကို မြေပဲဆံထောင်း ၊ ပုဇွန်ခြောက်ထောင်းတို့နှင့် သုပ်စားကြသည် ကိုလည်းတွေ့ရှိရပါသည်။ တမာဖူး/တမာရွက်ကို ယခု ဇန်နဝါရီလ နောက်ဆုံးအပတ်တွင်သာ ဈေးကွက် အတွင်းသို့ စတင်ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ယခင် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ တမာဖူး/တမာရွက် ဈေးနှုန်းများမှာ တမာဖူး/တမာရွက် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၁၀)ကျပ်သား ခန့် တစ်ပုံလျှင်(၁၀၀၀)ကျပ် ဈေးဖြင့် ရောင်းချခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ တမာဖူး/တမာရွက် ဈေးနှုန်းများမှာ တမာဖူး/တမာရွက် တစ်ပိဿာ လျှင်(၇၀၀၀)ကျပ်၊ (၁၀)ကျပ်သားကျော်ကျော် တစ်ပုံလျှင်(၁၀၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိသောကြောင့်ယခင် ဇန်နဝါရီလ နောက်ဆုံးပတ်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အနည်း ငယ်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)