Main menu

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်ခိုင်နှင့် ဝန်ထမ်းများသည် ၅.၂.၂၀၂၅ ရက်နေ့တွင် ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ဗဟန်းဈေး အတွင်းရှိ အမှတ်(၁၃/၁၄) ဒေါ်ဖြူဖြူဦးဆန်ဆိုင်အား (၁၀:၀၀) နာရီအချိန်တွင် ဗဟန်းဈေးတာဝန်ခံ ဦးတက်တိုးနှင့်လည်းကောင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်း အတွင်းရှိ ည-၇၈၊ အာသောက လမ်းရှိ သံလွင်ဦးဆန်ပွဲရုံအား (၁၂:၃၀) နာရီအချိန်တွင် ဘုရင့်နောင်ဈေးစည်ပင်မှ ဦးနန္ဒအောင်နှင့် အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ဦးကျော်လင်းနိုင်နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုများအား ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့  ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)