Main menu

ရေကျော်လမ်းမပေါ်ရှိ ဆန်ရောင်းဝယ်ရေးအရောင်းဆိုင် သို့ အဖွဲ့စုံဖြင့် ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး) သည် ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမပေါ်ရှိ မိဘမေတ္တာ၊ ရွှေဖလား ဆန်အ‌ ရောင်းဆိုင်(၂)ဆိုင်သို့    ၄.၂.၂၀၂၅(၁၆:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့စုံဖြင့် ဆန်ရောင်းချမှုအခြေအနေများကို စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

             ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရွှေဘိုပေါ်ဆန်း(အသစ်/အဟောင်း)၊ ရွှေဘို(လတ်)၊ ကျားပျံ(ရှယ်)၊ ကျားပျံ(လတ်) ၊ ဧရာပေါ်ဆန်း ၊ ပေါ်ဆန်း(ရိုးရိုး) ၊ ပေါ်ဆန်း(လတ်) ၊ ဇီယာ(နိမ့်) ၊ ဇီယာ (လတ်) ၊ (ရက် ၉၀) ၊ စသည့် ဆန်များ ၏(၁ပြည်/၁အိတ်) ဈေးနှုန်းများကို ဖေဖော်ဝါရီလအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ် ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရှိ/မရှိ စစ်ဆေးခြင်းနှင့် သမားရိုးကျရောင်း ဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် ဆန်ဈေးနှုန်း ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန်၊  လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)