Main menu

စစ်ကိုင်းတိုင်းဒေသကြီး၏ ကြက်သွန်ဖြူဈေးကွက်

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ကြက်သွန်ဖြူ စိုက်ဧက(၁၃၇၉၀)ဧက စိုက်ပျိုးပါသည်။ တစ်ဧကကုန်ကျစရိတ် (၂၃၂၉၀၀၀)ကျပ်ခန့်ကုန်ကျပြီး၊ တစ်ဧကလျှင် (၂၇၈၀)ပိဿာခန့် ထွက်ရှိပြီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ပေါက်ဈေးရှိသဖြင့် တစ်ဧကလျှင် ဝင်ငွေ(၆၉၅၀၀၀၀) ကျပ်ခန့်ရရှိ၍ အမြတ်(၄၆၂၁၀၀၀)ကျပ်ခန့်ရရှိခြင်းကြောင့် တောင်သူများ တွက်ချေကိုက်သည့် သီးနှံတစ်ခုဖြစ်ပါသည်။

       ထွက်ရှိသော ကြက်သွန်ဖြူများကို မုံရွာမြို့ရှိ ကြက်သွန်ပွဲရုံများသို့ရောင်းချသည်။ ဒေသတွင်း လုံလောက်မှု မရှိသဖြင့် ရှမ်းပြည်နယ်၊ ပခုက္ကူနယ်ဘက်မှ မှာယူသုံးစွဲရပါသည်။ ၂၀၂၂ခုနှစ်၊ မေလ (စတုတ္တပတ်) ဈေးနှုန်းအနေဖြင့် ဒေသတွင်းထွက်ရှိသော ကြက်သွန်ဖြူ (၁)ပိဿာလျှင်(၂၅၀၀)ကျပ် ရှိပြီး၊ ရှမ်းပြည်နယ်မှလာသော ကြက်သွန်ဖြူ ကြူကုတ် (၁)ပိဿာလျှင်(၄၈၀၀)ကျပ်၊ ရှမ်းစ (၁)ပိဿာ လျှင်(၂၀၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)