မန္တလေးကုန်စိမ်းသီးနှံစျေးကွက်သို့ ဖေဖော်ဝါရီလပထမပတ်အတွင်း ပဲပိုးတီဥကုန်စိမ်း သီးနှံအများအပြား ဝင်ရောက်ကြောင်း သိရပါတယ်။ ပဲပိုးတီကုန်စိမ်းသီးနှံမှာ ချိုစေးစေးအရသာရှိ ပြီး၊ ဆောင်းရာသီစာ သီးနှံအဖြစ် ပဲပိုးတီသီးနှံအား အစိမ်းအတိုင်းစားသုံးခြင်း၊ အချဉ်ဖောက်၍ စား သုံးခြင်း၊အရွက်များဖြင့် ကြော်စားခြင်း၊ အသုပ်အဖြစ် အမျိုးမျိုးစားသုံးကြကြောင်း သိရပါတယ်။ မန္တလေးကုန်စိမ်း စျေးကွက်အတွင်းပဲပိုးတီဥများအား ရှမ်းပြည်နယ်တောင်းပိုင်းဒေသမှဝင်ရောက် လျက်ရှိပြီး၊ တောင်းများဖြင့် ဝင်ရောက်ကြောင်းသိရပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်အတွင်း မန္တလေးမြို့ ၊ ၄၁ လမ်းကုန်စိမ်းစျေး(ကမ်းနားလမ်းစျေး)တွင် ဖြစ်ပေါ်လျက်ရှိသည့်ပဲပိုးတီဥကုန်စိမ်း သီးနှံလက္ကားစျေးအနေဖြင့် (၃၀ ပိဿာပါ)တောင်းတစ်ခုလျင် ၁၈၀၀၀၀ ကျပ်နှင့် ၁၈၅၀၀ ကျပ်၊ လက်လီစျေးအနေဖြင့် တစ်ပိဿာလျင် ၇၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ် အသီးသီးရောင်းချလျက်ရှိ ကြောင်းသိရပါတယ်။ မန္တလေးကုန်စိမ်းသီးနှံစျေးကွက်တွင် ပဲပိုးတီဥကုန်စိမ်းမှာ အချဉ်ဖောက် ရောင်းချသူများမှ ဝယ်ယူမှုများပြားလျက်ရှိပြီး၊ အရောင်းသွက် သည့်ကုန်စည်ဖြစ်ကြောင်း ကုန်စိမ်း ဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရပါတယ်။
DOCA(မန္တလေး)