Main menu

အရောင်းသွက်သည့်မန္တလေးပြောင်းစျေးကွက်

Powered by Drupal

            မန္တလေးစျေးကွက်သို့  ဖေဖော်ဝါရီလပထမပတ်အတွင်း ဖူးစားပြောင်း(ထိုင်ဝမ်)  နှင့် ရှမ်း ပြောင်းသီးနှံများ အများအပြားဝင်ရောက်လျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုး ထွက်ရှိသည့် ဖူးစားပြောင်း(ထိုင်ဝမ်)မျိုးနှင့် ရှမ်းပြောင်းမျိုးတို့အပြင်   စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ထုတ်ပြောင်း စိုက်ပျိုးမှု  ၃၆၆၂၂ ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း ၄၉.၅၅ တင်း၊ အထွက်တင်းစုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်း သိရပါတယ်။  မန္တလေးကုန်စိမ်း စျေးကွက်အတွင်း ဖူးစားပြောင်းစျေးကွက်တွင် ထိုင်ဝမ်မျိုးပြောင်း ၁၀ ဖူးလျှင် လက္ကားစျေး  ၅၀၀၀ ကျပ် နှင့် ၆၀၀၀ ကျပ်၊ ရှမ်းပြောင်း ၁၀ ဖူးလျင်  ၆၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်စေျး၊လက်လီစျေး မှာ ထိုင်ဝမ်ပြောင်း ၁၀ ဖူးလျှင် ၆၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ရှမ်းပြောင်း ၁၀ ဖူး လျှင် ၇၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊  ဖေဖော်ဝါရီလပထမပတ်တွင် ဖူးစားပြောင်း သီးနှံမှာ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ ထွက်ရှိသည့် ပဲ၊ပြောင်း၊နှမ်း သီးနှံ မျိုးစုံဝင်ရောက်လျက်ရှိသည့် မန္တလေး ပွဲစား၊ကုန်သည် စက်ပိုင်များမဟာကထိန် တော်အသင်းတွင် ဖေဖော်ဝါရီလပထမပတ်အတွင်း ဖြစ်ပေါ်သည့်ပြောင်းစျေးမှာ  ၃တင်းအိတ်ဝင်အိတ်တစ်အိတ်လျင် ပြောင်းဖူးစေ့(ဗမာ) ၈၃၀၀၀ ကျပ်နှင့် ၈၄၀၀၀ ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း)  ၈၆၀၀၀ ကျပ်၊ ပြောင်းဖူး စေ့(စီပီ) ၈၅၀၀၀ ကျပ်နှင့် ၈၆၀၀၀ ကျပ်၊အထွက်တိုးပြောင်းအနီ ၈၂၀၀၀ ကျပ်စျေးအသီးသီးဖြစ် ပေါ်လျက်ရှိပြီး၊ ဇန်နဝါရီလနောက်ဆုံးပတ်ပေါက်စျေးထက် အနည်းငယ်မြင့်တက်သွားကြောင်း သိရ ပါတယ်။ ပြောင်းသီးနှံမှာ မွေးမြူရေးအစားစပ်လုပ်ငန်းတွင် သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ ခြင်း တို့ကြောင့် ပြောင်းဖူးစေ့ပေါက်စျေးမှာ အနည်းငယ် မြင့်တက်သွားကြောင်း သိရပါတယ်။   မန္တလေး စျေးကွက်အတွင်းသို့  ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ပြောင်းကားဝင်ရောက်မှု ၈၂၄စီး၊ပြောင်း၁၇၈၀၈ တန်ဝင်ဖြစ်ကြောင်း (၁၆)မိုင်၊ထုံးဘိုဂိတ်ဖြတ်စာရင်းများအရသိရပါတယ်။

DOCA(မန္တလေး)