![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6_104.jpg?itok=kPEaw9pS)
မန္တလေးစျေးကွက်သို့ ဖေဖော်ဝါရီလပထမပတ်အတွင်း ခရမ်းချဉ်သီးဝင်ရောက်မှု များသည့် အတွက် ဇန်နဝါရီလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သည့်စျေးနှင့်နှိုင်းယှဉ်ပါက စျေးအနည်းငယ်ကျ
ကြောင်း တွေ့ရှိရပါတယ်။ စျေးကွက်အတွင်းတွေ့ရှိရသည့်ခရမ်းချဉ်သီးများအား ဒေသမျိုး ဘောလုံး သီး၊ ဗမာသီးနှင့် အင်းသီး ဟူ၍ ခွဲခြားရောင်းချလျက်ရှိပါတယ်။ ခရမ်းချဉ်သီး အရသာအနည်း ငယ် ချဉ်သည့်မျိုးအား ဗမာခရမ်းချဉ်သီး(သို့မဟုတ်)ကိုင်းသီးဟုခေါ်ဝေါ်ပြီး၊အင်းလေး ဒေသမှဝင်ရောက် သည့်အရသာချိုသည့်ခရမ်းချဉ်သီးများအား (အင်းသီး)ဟုခေါ်ဝေါ်ကြောင်း တွေ့ရှိရပါတယ်။ မန္တလေး စျေးကွက်အတွင်းသို့ ဒေသမျိုးခရမ်းချဉ်သီး (ခေါ်)ဘောလုံးသီးများနှင့် ဗမာသီး(ခေါ်) ကိုင်းသီးများ အား အမရပူရ၊ပုသိမ်ကြီး၊မတ္တရာ၊ကျောက်ဆည်၊ မြစ်သား၊စဉ့်ကိုင်၊ တံတားဦးဒေသနှင့်စစ်ကိုင်းတိုင်း ဒေသကြီးတို့မှဝင်ရောက်ပြီး၊ရှမ်းပြည်နယ်တောင်ပိုင်းမှ ခရမ်းချဉ်သီး(အင်းသီး)များ ဝင်ရောက်လျက် ရှိပါတယ်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ်သီးပွဲရုံများ၊ သီရိမာလာစျေး(ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊ကမ်းနားလမ်းရှိ ကုန်စိမ်းလက္ကားစျေးတို့တွင် ခရမ်းချဉ်သီးအမျိုးအစားအလိုက်သေတ္တာ များဖြင့်လည်းကောင်း၊ တောင်းများဖြင့်လည်းကောင်း ဝင်ရောက်ကြောင်း သိရပါတယ်။ခရမ်းချဉ်သီး များအား ခေါင်သီးနှင့်အလတ်စသီးအမျိုးအစားခွဲခြား၍ ရောင်းချပြီး အသီးအရွယ်အစား အလိုက် စျေးနှုန်းများအနည်းငယ် ကွာခြားမှုရှိပါတယ်။ ဖေဖော်ဝါရီလပထမပတ်အတွင်း ဒေသမျိုး(ခေါ်) ဘောလုံးသီး ခရမ်းချဉ်သီးများ စျေးကွက်အတွင်း အများအပြားဝင်ရောက်လာသည့်အတွက် ခရမ်း ချဉ်သီး တစ်ပိဿာလျင် ၅၀၀ ကျပ် နှင့် ၈၀၀ ကျပ်စျေးခန့် စျေးလျော့ကျကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလပထမပတ်အတွင်း ခရမ်းချဉ်သီးစျေးမှာ လက္ကားစျေးအနေဖြင့် ဘောလုံးသီး (၃၀) ပိဿာပါတောင်းတစ်ခုလျင် ၄၅၀၀၀ကျပ်နှင့်၄၇၀၀၀ ကျပ်၊ ကိုင်းသီး(၃၀ပိဿာပါ)တစ်တောင်းလျင် ၆၆၀၀၀ကျပ်နှင့် ၆၈၀၀၀ ကျပ်၊အင်းသီး(၂၀ ပိဿာပါ)သေတ္တာတစ်ခုလျင် ၄၆၀၀၀ ကျပ်နှင့်၄၈၀၀၀ ကျပ်၊လက်လီစျေးအနေဖြင့် တစ်ပိဿာလျင် ဘောလုံးသီး ၁၈၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ ကိုင်းသီး ၂၂၀၀ ကျပ်နှင့် ၂၃၀၀ ကျပ်၊ အင်းသီး ၂၃၀၀ ကျပ်နှင့် ၂၅၀၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပြီး၊ ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီးဝင်ရောက်မှုများ ပြားသည့်အတွက် စျေးအနည်းငယ်ကျသွားကြောင်း သိရပါတယ်။ခရမ်းချဉ်သီးအားအစားအသောက် ချက်ပြုတ်ရာတွင် သာမက ဖျော်ရည်များ၊ ယိုများ၊ အသုတ်စုံများတွင် ထည့်သွင်းစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးပြုမှုများသည့်သီးနှံအမယ်ဖြစ်ပြီး၊ စျေးကွက်အတွင်း စားသုံးမှုများသည့် အသီးနှံ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
DOCA(မန္တလေး)