Main menu

ဘိလပ်မြေဈေးနှုန်းအနည်းငယ်ကျဆင်းလျှက်ရှိ

Powered by Drupal

                ကယားပြည်နယ်တွင် ကုန်စည်စီးဆင်းမှု့များ ပုံမှန်လည်ပတ်လာ၍ အိမ်ဆောက်ပစ္စည်းနှင့်ဘိလပ်မြေများ ပြည်နယ်တွင်းသို့ ဝင်ရောက်လျှက်ရှိပါသည်၊၊ယခုမေလအတွင်း ဘိလပ်မြေဈေးနှုန်းများမှာ ကမ္ဘောဇဘိလပ်မြေတစ်အိတ်လျှင် (၇၅၀၀) ကျပ်၊ အာပါချီဘိလပ်မြေတစ်အိတ်လျှင် (၇၈၀၀) ကျပ်၊ နဂါးဘိလပ်မြေတစ်အိတ်လျှင် (၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ၊ ယခင်ဧပြီလတွင်း ကမ္ဘောဇဘိလပ်မြေတစ်အိတ်လျှင် (၇၉၀၀) ကျပ်၊ အာပါချီဘိလပ်မြေတစ်အိတ်လျှင် (၈၀၀၀) ကျပ်၊နဂါးဘိလပ်မြေတစ်အိတ်လျှင် (၈၁၀၀) ကျပ် ရှိခဲ့ပြီး ယခင်ဧပြီလနှင့်ယခု မေလနှိုင်းယှဉ်ကြည့်လျှင် ကမ္ဘောဇတစ်အိတ်လျှင် (၄၀၀) ကျပ်၊ အာပါချီတစ်အိတ်လျှင် (၂၀၀) ကျပ်၊ နဂါးဘိလပ်မြေတစ်အိတ်လျှင် (၁၀၀) ကျပ်ခန့်၊ ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရပါသည်။

DOCA(ကယား)