Main menu

ဘားအံမြို့ဒေသထွက် ဘူးသီးဈေးနှုန်းအခြေအနေ

Powered by Drupal

ဖေဖော်ဝါရီ ၇ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိရေပေါ်ဈေးတွင် ဒေသထွက်ဘူးသီးများ ဈေးအနည်းငယ်ကျ လျက်ရှိကြောင်းသိရသည်။ ဘူးသီးကို ဘားအံမြို့အနီးတဝိုက် ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ဘူးသီးကို ဟင်းနှင်ဟင်းချိုအဖြစ် ချက်ပြုတ်စားကြသလို အကြော်ဆိုင်များတွင်  အကြော်ကြော်၍ ရောင်းချကြသောကြောင့် ဝယ်ယူမှုများပြီး  စိုက်ပျိုးတောင်သူများအတွက် အပိုဝင်ငွေတိုးစေပါသည်။ ဘူးသီးကို အလုံး အရွယ်အစားအလိုက် ဈေးနှုန်းခွဲခြား ရောင်းချကြသည်။ ဘူးသီးအလုံးကြီးဈေးနှုန်း တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ဘူးသီးအလုံးအလတ် တစ်လုံးလျှင် (၁၅၀၀)ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် (၈၀၀/၁၀၀၀)ကျပ်တို့ဖြင့် အရောင်းသွက်လျက်ရှိ ကြောင်းသိရသည်။

DOCA(ကရင်)