Main menu

၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်ငရုတ်ကောင်းလုပ်ငန်း ဈေးကွက်အားကောင်းရန်မျှော်လင့်

Powered by Drupal

          အဓိကဈေးကွက်များမှဝယ်လိုအားမတည်ငြိမ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှု ကျဆင်းမှုတို့ကြောင့် ၂၀၂၅ ခုနှစ်သည် ဗီယက်နမ်ငရုတ်ကောင်းတင်ပို့သူများအတွက် အခွင့်အလမ်းများနှင့် စိတ်ခေါ်မှုများ နှစ်ခုလုံးကို ဖန်တီးလျှက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်း နှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း ဥက္ကဌဖြစ်သူ Hoang Thi Lien ၏အဆိုအရ ကမ္ဘာ့ ငရုတ်ကောင်းထွက်ရှိမှုသည် လေးနှစ်ဆက်ကျဆင်းရန် မျှော်မှန်းရကြောင်း သိရပါသည်။ ထိုသို့ ကျဆင်းမှုသည် စိုက်ပျိုးရေးသမားများက ငရုတ်ကောင်းအစား အကျိုးအမြတ်ပိုမိုရရှိသည့် ဒူးရင်း၊ ကော်ဖီနှင့် စားအုန်းပင် အစရှိသည်တို့ကို ပြောင်းလဲစိုက်ပျိုးသောကြောင့် ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲခြင်းနှင့် ပြင်းထန်သောရာသီဥတုတို့က စိုက်ခင်းများကို အနှုတ်လက္ခဏာဆောင်စွာ သက်ရောက်ခဲ့ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များကို မြင့်တက်စေခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ငရုတ်ကောင်း အဓိကတင်သွင်းသူဖြစ်သည့် တရုတ်နိုင်ငံသည် ဗီယက်နမ်ထံမှတင်သွင်းမှုကိုလျှော့ချကာ အင်ဒိုနီးရှားထံမှ အဓိကတင်သွင်း လျှက်ရှိကြောင်း သိရပါသည်။ ရလဒ်အနေဖြင့် ဗီယက်နမ်၏ တရုတ်သို့ငရုတ်ကောင်းတင်ပို့မှုမှာ ၂၀၂၄ ခုနှစ်တွင် ၈၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ Lien က ထိုသို့ပြောင်းလဲမှုရှိသော် လည်း တရုတ်နိုင်ငံသည် ငရုတ်ကောင်းဝယ်လိုအားတည်ငြိမ်လျှက်ရှိပြီး ၂၀၂၅ ကောက်ရိတ်သိမ်း ရာသီတွင် ဗီယက်နမ်မှရောင်းချမှုကို ဆက်လက်မီခိုရမည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါ သည်။ Lien ၏အဆိုအရ အမေရိကန်နှင့် ဥ‌ရောပ အစားအစာနှင့် ဟင်းခတ်အမွှေးအကြိုင်ပြုပြင် ထုတ်လုပ်သည့်လုပ်ငန်းများသည် ဗီယက်နမ်ငရုတ်ကောင်းတင်ပို့မှုအတွက် အဓိကမောင်းနှင်အား များဖြစ်ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ‌ရောင်းလိုအားကျဆင်းလာမှုနှင့်အတူ ထိုဈေးကွက်များသည် ဗီယက်နမ်ထုတ်လုပ်သူများအတွက် သိသာထင်ရှားသောအခွင့်အလမ်းများကို ပေးစွမ်းနိုင်ရန်မျှော်လင့်ရကြောင်း သိရပါသည်။ Goham ကုမ္ပဏီ၏ ညွှန်ကြားရေးမှူးဖြစ်သူ Ho Tri Nhuan က ၂၀၂၅ ခုနှစ်သည် ဗီယက်နမ်ငရုတ်ကောင်းတင်ပို့မှုအတွက် ကောင်းမွန်သင့်လျှော် မှုရှိသော်လည်း ခန့်မှန်းရခက်ခဲနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ဝယ်လိုအားတည်ငြိမ်မှုရှိသော် လည်း ရောင်းလိုအားလျှော့ကျမှုက ဈေးနှုန်းမြင့်တက်ရန်ကူညီနိုင်သော်လည်း ဈေးအတက်အကျ မှာ အဓိကဈေးကွက်များ၏ဝယ်ယူသည့်ပုံစံအပေါ်မူတည်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံ သည် မတ်လနှင့်ဧပြီလတွင်စတင်မည့် ဗီယက်နမ်၏အားအကောင်းဆုံး ကောက်ရိတ်သိမ်းချိန်တွင် ဝယ်ယူမှုမြင့်တက်နိုင်ပြီး အမေရိကန်ဝယ်ယူသူများကမူ ၂၀၂၄ ခုနှစ်မှကုန်လက်ကျန်များရှိနေ သေးသောကြောင့် မှာယူမှုနောက်ကျနိုင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် Nam Yang Cooperative ၏ ဥက္ကဌဖြစ်သူ Nguyen Tan Cong ကကုန်ကျစရိတ်ဖြတ်တောက်ခြင်း၊ အပင်များ ပိုးကျမှုလျှော့ပါးစေခြင်းနှင့် ဂေဟစနစ်နှင့်လျှော်ညီသော စိုက်ပျိုးမှုအလေ့အကျင့်များနှင့် ပတ်သတ်၍ အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ ဓာတုပစ္စည်းများအသုံးပြုမည့်အစား အော်ဂဲနစ်ဓာတ်မြေဩဇာများနှင့် ဇီဝဆိုင်ရာရောဂါပိုးထိမ်းချုပ်မှုကို ဦးစားပေးအသုံးပြုခြင်း အားဖြင့် စိုက်ပျိုးရေးသမားများသည် ထုတ်ကုန်အရည်အသွေးမြှင့်တင်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့ ဈေးကွက်များတွင် ရေရှည်တည်ငြိမ်မှုကို ရရှိနိင်မည်ဟုသိရပါသည်။ ဗီယက်နမ်နိုင်ငံ အကောင်ခွန် အထွေထွေဦးစီးဌာန၏ အဆိုအရ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ ငရုတ်ကောင်း တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံနီးပါးထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၄၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်သည် တန်ချိန် ၇၂၃၁၁ တန်ဖြင့် ဗီယက်နမ်ငရုတ်ကောင်းအဓိကတင်သွင်းသူဖြစ်ပြီး ၂၀၂၃ ခုနှစ်ကထက် ၃၃.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အခြားအဓိကဈေးကွက်များတွင် အရှေ့အလယ်ပိုင်း၊ ဂျာမနီ၊ နယ်သာလန်၊ အိန္ဒိယနှင့် တရုတ်တို့ပါဝင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ် နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ပြုပြင်ထုတ်လုပ်တင်ပို့ရန်အတွက် အမေရိကန်ဒေါ်လာ ၁၇၆.၂ သန်း တန်ကြေးရှိသော ငရုတ်ကောင်းတန်ချိန် ၃၆၇၀၀ တန် တင်သွင်းခဲ့ကြောင်း သိရပါသည်။ အဓိက တင်သွင်းခဲ့သည့်နိုင်ငံများမှာ ဘရာဇီး၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားတို့ဖြစ်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)