Main menu

တိုင်းရင်းဆေးဝါးများ ပူးပေါင်းကွင်းဆင်းစစ်ဆေး

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၄.၅.၂၀၂၂ ရက်နေ့၌ တွံတေးမြို့နယ်ဈေးအတွင်း တိုင်းရင်းဆေးပညာဦးစီးဌာနမှ တားမြစ်ထုတ်ပြန်ထားသော ပြည်သူများနှင့် သုံးစွဲရန်မသင့်သည့် “အာရှ ရွှေကြယ်” အမှတ်တံဆိပ် အဆစ်အမြစ်ရောင် ရောဂါသောက်ဆေးအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် တွံတေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ မြို့နယ်ရှိ တိုင်းရင်းဆေးဆိုင်၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်၍ ရောင်းချခြင်းမပြုရန် အသိပညာပေးဆောင်ရွက်ခဲ့ကြပါသည်။ ယင်းတိုင်းရင်းဆေးသည် ယခင်က အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ကြေငြာထားခဲ့သော်လည်း ဈေးကွက်အတွင်း ထပ်မံရောက်ရှိနေကြောင်း သိရှိရသည့်အတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ ရောင်းချခြင်းမပြုကြရန် အသိပေးခြင်းများ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)