Main menu

ကန့်ဘလူမြို့နယ်၌ ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိ

Powered by Drupal

          ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် မြန်မာလူမျိုးတို့နှင့် မစိမ်းပါ။ ကောက်ရိုးမှိုသည် သဘာဝ အလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာ သည်ကိုလည်း တွေ့ရကြောင်း၊ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲ၊ ဖွဲနုများကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြကြောင်း၊ ကောက်ရိုးမှိုကို စနစ်တကျ စိုက်ပျိုးခြင်းမရှိသဖြင့် အထွက်နှုန်းမကောင်းခြင်း၊ လုံးဝမထွက်ခြင်း၊ အထွက်နောက်ကျခြင်းနှင့် အပွင့်ငယ်ခြင်းတို့ဖြစ်တတ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးစိုက်ပျိုးသူ ဦးဝင်းဦး၏ပြောပြ ချက်အရ ကောက်ရိုးမှိုစိုက်ပျိုးချိန်သည် အလွန်အရေးကြီးကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သော အခြေခံကုန်ကြမ်းများဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး(သို့မဟုတ်) ရိုးပြတ်များ၊ ဂျပ်စက္ကူများ၊ နွားချေးမြေဆွေး စသည်တို့နှင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ် အနေဖြင့် အလျား(၉)ပေနှင့် အကျယ်(၃)ပေကို (၄၅၀၀၀)ကျပ်ခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ကောက်ရိုးမှိုများကို စိုက်ပျိုးပြီး(၁၅)ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ်ဘောင် လျှင်(၁၀-၁၅)ပိဿာထိ ခူးဆွတ်ရကြောင်း၊ ဈေးကွက်အတွင်း  ကောက်ရိုးမှိုတစ်ပိဿာလျှင် လက် လီဈေးကျပ် (၁၁၀၀၀)ခန့်နှင့် လက်ကားဈေး(၁၀၀၀၀)ကျပ်ခန့် ရောင်းချရသောကြောင့် စိုက်ပျိုးသူ များအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)