Main menu

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အဖွဲ့စုံဖြင့် အထူးစျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးသည် ဆေးနှင့်ဆေးပစ္စည်းများအား စျေးနှုန်း အဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ မကွေးခရိုင်၊ မကွေးမြို့နယ်တာဝန်ခံသည် (၆.၂.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မကွေးမြို့ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အထူးစျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ တရားမဝင်တင်သွင်းလာ သော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ၊ ဆေးရောင်းချခွင့်လိုင်စင်များ ပြုလုပ်ထားခြင်းရှိ/မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများအား စျေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုရှိ/မရှိ စစ်ဆေးကြပ်မတ်ခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ထိန်းသိမ်းရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)