![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/126_18.jpg?itok=-aVJPqa9)
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာစာကြည့်တိုက်အသစ်ဖွင့်ပွဲ အခမ်းအနားကို ၇.၂.၂၀၂၅ ရက်နေ့ နံနက်(၀၈း၀၀) နာရီအချိန်တွင် အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့သည်။
ပထမဦးစွာ မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာ ပညာပျိုးခင်း စာကြည့်တိုက် အဆောက်အအုံအသစ်ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပညာပျိုးခင်းစာကြည့်တိုက်၏ ကမ္ဗည်းမော်ကွန်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းခဲ့ကြပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)