![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2_163.jpg?itok=6RUZnjrf)
ဗီယက်နမ်သည် ဇန်နဝါရီလအတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅.၀၈ ဘီလီယံ တန်ဖိုးရှိ စိုက်ပျိုးရေး၊ သစ်တော၊ ရေထွက်ပစ္စည်း တင်ပို့မှုမှာ ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြောကြား ခဲ့သည်။
လယ်ယာထွက်ကုန်များ၏ ၀င်ငွေသည် တစ်နှစ်ထက်တစ်နှစ် ၆.၂ ရာခိုင်နှုန်း ကျဆင်းသွား ပြီး သစ်တောထွက်ကုန် ၄.၈ ရာခိုင်နှုန်းမှ ၁.၅ ဘီလီယံဒေါ်လာ နှင့် မွေးမြူရေးလုပ်ငန်းထွက်ကုန် ၉.၃ ရာခိုင်နှုန်းမှ ၃၉ သန်းအထိကျဆင်းခဲ့သည်။ ငါးဖမ်း လုပ်ငန်း မှ ၀င်ငွေသည် တစ်နှစ်ထက် တစ်နှစ် ၀.၃ ရာခိုင်နှုန်း အနည်းငယ် တိုးလာကြောင်း ဒေါ်လာ သန်း ၇၅၀ ရရှိခဲ့ကြောင်း အစီရင်ခံ တင်ပြခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တော၊ ရေထွက်ကုန်သွင်းကုန် ၀င်ငွေမှာအမေရိကန် ဒေါ်လာ ၃.၉ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၁.၉ ရာခိုင်နှုန်း တိုးလာသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
DOCA(ရန်ကုန်)