ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ရှိ “အောင်ချမ်းသာ” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်တာဝန်ခံမှ ခေတ်မီ စက်ယူနစ်များ တပ်ဆင်အသုံးပြု မှုအခြေအနေ၊ လက်ရှိ ဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေနှင့် ဆန်စပါး သိုလှောင် ထားရှိမှုအခြေအနေ၊ ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းရှိ/မရှိ အခြေ အနေ၊ ပုဂ္ဂလိကကဏ္ဍနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါး အရည်အသွေးထုတ်လုပ်မှုပြည့်မီစေရေး၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပက်သက်၍ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံခြင်းနှင့် ပြည်ပဈေးကွက်သို့လည်း ထုတ်ကုန်များတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)