Main menu

မြန်အောင်မြို့နယ် စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၅.၂.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ဝိဇ္ဇာလမ်း၊ အမှတ်(၁)ရပ်ကွက်ရှိ   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စားသုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ ပါသည်။

            ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့် အညီဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေ ရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့် အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များဘက်မှလည်း သိလိုသည်များ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)