
မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဆိပ်ဖြူ မြို့နယ်တာဝန်ခံသည် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားတို့ကိုကာကွယ်ရန်၊ အစားအစာများ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ (၇-၂-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တာဝန်ခံက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးများနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်၊ ပြန်လည်ကုစားနိုင်ခွင့်များနှင့် CICC ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများက တိုင်ကြားနိုင်ကြောင်း၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535)တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းအကြောင်းကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအဖွဲ့မှ ဝန်ထမ်းက ရှေးဦးသူနာပြုစု နည်းအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်တာဝန်ခံမှ တက်ရောက်လာ သည့် ကျောင်းသား၊ ကျောင်းသူများအား ဟောပြောဆွေးနွေးခဲ့သည့် အကြောင်းအရာများမှ အမေးအဖြေ ပြုလုပ်ပြီး ဖြေဆိုနိုင်သည့်ကျောင်းသားကျောင်းသူများကို ဆုချီးမြှင့်ခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)