
မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇.၂.၂၀၂၅)ရက်နေ့၊ နံနက်(ဝ၉:၁၅)နာရီအချိန်တွင် စားသုံးသူအခွင့်အရေးများသိရှိပြီး တောင်းဆိုတတ်စေရေးနှင့် ကုန်စည်၊ ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက ပြောရေးဆိုခွင့်၊ တိုင်ကြားခွင့်များ သိရှိစေရေး ရည်ရွယ်၍ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အမှတ်(၁၃၄)အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များအကြောင်း၊ ဌာနမှယခုလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံအကြောင်းကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှု များရှိပါက တိုင်ကြားနိုင်သည့် အကြောင်းအရာ၊ တိုင်ကြားနိုင်သူများနှင့် တိုင်ကြားရမည့်နေရာများအကြောင်းကို လည်းကောင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲ(ပြည်တွင်း)မှဝန်ထမ်းက ကုန်အညွှန်း အမှတ်အသားဆိုင်ရာဖော်ပြခြင်းနှင့်အကြောင်းအရာများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးမှုအပေါ် မေးမြန်းမှုများဆောင်ရွက်ပြီး ပြန်လည်ဖြေကြားနိုင်သူများ အား အမှတ်တရဂုဏ်ပြုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)