Main menu

ပြည်နှမ်းစျေးငြိမ်၍ စျေးအေးနေသော်လည်း မြေပဲဆန်စျေး ဆက်လက်မြင့်တက်

Powered by Drupal

          ပြည်ဈေးကွက်တွင် ၂၀၂၂ ခုနှစ် ၊ မေလတတိယပတ်တွင် နှမ်းသီးနှံဈေးများမှာ မေလ ပထမပတ် ကအတိုင်း နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ် ၊  စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် ၁၈၀၀၀၀ ကျပ်ဖြင့် စျေးငြိမ်နေခဲ့ပြီး အောင်လံနှင့် မန္တလေးဝယ်လက်များမှ နှမ်းနက်နှင့် စမုံနက် နှမ်းကို တခါတရံအဝယ်ရှိသဖြင့် အရောင်းအဝယ်ဖြစ်ပါက အိတ် ၂၀၀/၃၀၀ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ နှမ်းနီမှာ ဆီကြိတ်သည့် ဆီစက်သမားများက ဒေသတွင်းသာ ဆီကြိတ်၍ ရောင်းချရန်အတွက် အနည်းငယ်သာ အဝယ်ရှိသဖြင့် အိတ် ၄၀/၅၀ခန့်သာ အရောင်းအဝယ် ဖြစ်   လျှက် ရှိပါသည်။ နှမ်းနီဈေးမှာ မေလပထမပတ်ကအတိုင်း (၃)တင်းတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်ဖြင့် ဈေးတန်းသာရှိပြီး တခါတရံမှသာအရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          ယခု မေလတတိယပတ်တွင် နှမ်းစျေးနှုန်းများငြိမ်၍ စျေးအေးနေသော်လည်း မြေပဲဆန် စျေးမှာ ဆက်လက် မြင့်တက်လျက်ရှိပါသည်။ မင်းတုန်းမြို့နှင့် ရခိုင်ပြည်နယ်ဘက်မှ မြေပဲဆန်အိတ် တစ်နေ့လျှင် ၆၀၀/၇၀၀ ခန့်အဝင်ရှိပြီး ဝင်သလောက်အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ လုံးဆန် အဖြူကို ရန်ကုန် ဝယ်လက်နှင့် မြဝတီသို့ တင်ပို့ရန်အဝယ်ရှိသဖြင့်  တစ်ပိဿာလျှင် ၄၁၀၀ကျပ်ထိ ဈေးမြင့်တက်လာခဲ့၍ လုံးဆန်အနီမှာ မြို့တွင်းပဲလှော်ဖိုသမားများနှင့် နယ်ဘက်ရှိ လက်လီသမားများက အဝယ်ရှိသဖြင့် တစ်ပိဿာလျှင် ၃၉၀၀ကျပ်ဖြင့် မေလပထမပတ်ထက်စာရင် ဈေးဆက်လက် မြင့်တက်လာခဲ့ပါသည်။ မြေပဲဆီကြိတ်ရန် ဝယ်ယူသည့် ဆီဆန်တစ်မျိုးသာ ဆီစက်လုပ်ငန်းရှင်များကဝယ်ယူမှုအားနည်းနေသဖြင့် တစ်ပိဿာလျှင် ၃၇၀၀ ကျပ်ဖြင့် မေလပထမပတ် စျေးအတိုင်း ဈေးငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)