![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/191_9.jpg?itok=eccPfcZ8)
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် မုံရွာခရိုင်၊ စားသုံးသူရေး ရာဦးစီးဌာန မှ ခရိုင်ဦးစီးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မီသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့ နှင့်ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေး အတိုင်းရောင်းချနေမှုရှိ/မရှိ၊ စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိနှင့် စက်သုံးဆီလက်ကျန် အခြေအနေတို့ကို ပူးပေါင်း ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မုံရွာမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီလက်ကျန် အနေဖြင့် စက်သုံးဆီများလုံလောက်စွာသိုလှောင်ထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး အတွင်းသာ ရောင်းချကာ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိ သူများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးအလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)