![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/206_9.jpg?itok=cEhdzOcw)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံအုပ်စု၊ ဘယ်လက်ကျေးရွာရှိ (အ.မ.က)ဘယ်လက်ကျောင်းတွင် (၁၁.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်ဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စားသုံးသူအသိပညာပေးဟောပြောပွဲတွင် ကျောင်းသား/ ကျောင်းသူ ၁၁၂ဦး တက်ရောက်ကြပါသည်။ အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ဇင်မာချောစုကြည်(ဒု-ဦးစီးမှူး)မှ ကုန်အညွှန်းအမှတ်အသား(၈)ချက်နှင့် ပတ်သက်သောကုန်စည်များ၏ သက်တမ်းကုန်ဆုံးသည့်ရက်၊ ကုန်အမှတ်တံဆိပ်၊ အမျိုးအမည်၊ ထားသိုသိမ်းဆည်း ပုံအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ အသားတင်အလေးချိန်၊ ဆက်သွယ်ရမည့်လိပ်စာတို့အား ရှင်းလင်းဆွေးနွေးဟောပြောသလို မစားသုံးသင့်သော အစားအစာမုန့်များအကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ထိုအပြင် ပြည်သူဆက်ဆံရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန မှ ပုံပြင်များပြောခြင်း ပိုစတာဖြင့် ပြသ၍ရှင်းလင်းဆွေးနွေးခြင်း နှင့် တိုင်းရင်းဆေး ပညာဦးစီးဌာနမှ သုံးစွဲရန်မသင့်သောတိုင်းရင်းဆေးများကို ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝံ့ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲအား နံနက်(၁၁:၀၀) နာရီအချိန်အထိ ဟောပြောခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)