
၁၃.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်း၌ စားအုန်းဆီလက်ကား လက်လီ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးမှ စားအုန်းဆီလက်ကား လက်လီ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများကို အရေအတွက်မှန်၊ အလေးချိန်မှန်၊ ဈေးနှုန်းမှန်ဖြင့် ပြည်သူများထံရောက်ရှိရန် ဆောင်ရွက်စေလိုကြောင်း၊ ဖြန့်ဖြူးရောင်းချပေးသည့် စားအုန်းဆီများကို အမြတ် ၂% ကို တွက်ချက်ခွင့်ပြုထားပြီး လက်ကား၊ လက်လီ အဆင့်ဆင့် ဖြန့်ဖြူးရောင်းချရာတွင် သယ်ယူခ၊ လုပ်သားခများ အပါအဝင် ရောင်းချသူမနစ်နာစေရန် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရမည်ဖြစ်ကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများ ပါဝင်သော မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ဖြင့် ပူးပေါင်း၍ စားအုန်းဆီလက်ကား၊ လက်လီ အရောင်းဆိုင်များ၌ စားအုန်းဆီများအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ အပတ်စဉ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသော စားအုန်းဆီ ဖြန့်ဖြူးရောင်းချ သည့်လုပ်ငန်းရှင်များမှလည်း အခက်အခဲရှိပါက တင်ပြစေလိုကြောင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များမှ မိမိတို့အခက်အခဲများကို ပြန်လည်တင်ပြကြပြီး အစည်းအဝေးကို နံနက် (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)