
၁၀.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းသည် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးယုဝေက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီး ဌာနမှ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အသုံးပြုပုံ များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ် လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်မည့်နေရာ၊ တိုင်ကြားနိုင်မည့်နည်းလမ်းများအကြောင်းတို့အား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)