စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့၏ကျက်သရေဆောင် မဟာရွှေစည် ကြီးစေတီတော်(၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖေါ် ဝါရီလ ၁၃ ရက်နံနက် ၀၈:၃၀ နာရီက အဆိုပါစေတီတော်ကွင်းအတွင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး အနေဖြင့်လည်း ပါဝင်လောင်းလှူခဲ့ကြောင်း၊ ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲတွင် သံဃာတော်(၂၅၀)ပါး၊ သီလရှင်ဆရာကြီးများနှင့်ယောဂီများအား ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများက စုပေါင်းလောင်းလှူခဲ့ကြကြောင်း၊ အလှူရှင်များက စတုဒီသာ လက်ဖက်ရည်၊ ထမင်းတို့ဖြင့်ဧည့်ခံကျွေးမွေးခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)