![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/237_7.jpg?itok=yM22urhd)
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးကွက်အတွင်း ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး အပြင် စားသုံး သူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကျောက်တံခါးမြို့နယ် အတွင်းရှိ ကန်ရွာ အ.မ.က မူ လွန်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် စားသုံးသူကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၁၃.၂.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့ နယ်အတွင်းရှိ အ.မ.က (ကန်ရွာ) ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာ ကွယ်ရေး ဥပဒေ/ နည်းဥပဒေ ပါအကြောင်းအရာ၊ အချက်အလက်များကို ဟောပြောပို့ချခဲ့ကြောင်း သိရှိရသည်။ ထိုဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၁၆)ဦးနှင့် ကျောင်းသား/ကျောင်းသူ ၂၇၀ ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)