၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မှုတွင် ဆန်တင်ပို့မှု အများဆုံး(၁၀)နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံ (၆၉၄၆၁၈)တန်၊ တရုတ်(၂၀၁၁၃၁)တန်၊ ဖိလစ်ပိုင် (၁၅၆၆၃၉)တန်၊ Cote d’အိုင်ဗီးယား (၁၀၅၆၄၃)တန်၊ စပိန် (၇၇၀၁၁)တန်၊ ကင်မရွန်း (၆၁၄၁၅)တန်၊ ပိုလန်(၆၁၁၇၃)တန်၊ မိုဇမ်ဘစ် (၅၅၁၁၉)တန်၊ Burkina Faso (၃၂၀၀၀)တန်၊ ချက်သမ္မတနိုင်ငံ(၂၈၁၁၆) တန်နှင့် အခြား (၃၅) နိုင်ငံများသို့(၁၇၇၄၄၄)တန်တင်ပို့ခဲ့ပြီးဆန်ကွဲတင်ပို့မှုအများဆုံး(၁၀)နိုင်ငံဖြစ်သော ဘယ်လ်ဂျီယံ နိုင်ငံ(၃၅၂၅၉၃)တန်၊တရုတ် (၃၀၄၅၇၇)တန်၊အင်ဒိုနီးရှား(၉၉၈၀၁)တန်၊ ဆီနီဂေါ (၉၆၆၅၈)တန်၊ ဗီယက်နမ်(၄၉၃၂၀)တန်၊ စပိန် (၄၈၂၀၀)တန်၊ ဖိလစ်ပိုင်(၄၄၉၁၈)တန် ၊ နယ်သာလန်(၂၉၇၀၀) တန်၊Cote d’အိုင်ဗီးယား(၂၈၃၉၀)တန်၊United Kingdom(၂၈၀၂၅)တန်နှင့်အခြား (၁၉)နိုင်ငံများ သို့ တင်ပို့မှု(၃၄၉၂၄)တန် ဖြစ်၍ ဆန်၊ဆန်ကွဲ စုစုပေါင်း ပို့ကုန်တင်ပို့မှုတန်ချိန် (၂၇၆၇၄၁၄)တန် ၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၃၃၁.၈၉၉)သန်း ရရှိခဲ့ကြောင်း၊ ကုမ္ပဏီစုစုပေါင်း (၁၀၃)ခုမှ နိုင်ငံပေါင်း(၄၉)နိုင်ငံသို့တင်ပို့ခဲ့ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတင်းထုတ် ပြန်ချက်မှ ဆန်၊ဆန်ကွဲပြည်ပ တင်ပိုမှု အခြေအနေအား တင်ပြလိုက်ရပါသည်။
DOCA(မန္တလေး)