Main menu

   လက်ပံတန်းမြို့နယ်တွင် နွေစပါးများ လှိုင်လှိုင်ပေါပြီ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရီုင် ၊ လက်ပံတန်းမြို့နယ်တွင် ယခုအခါ နွေစပါးများ လှိုင်လှိုင်ပေါ်နေပြီ ဖြစ်ပါသည်။ လက်ပံတန်းမြို့နယ်အနေဖြင့် နွေစပါးစိုက်ဧက (၁၂၇၉၄)ရှိပြီး ရတနာတိုး ၊ သုခစပါးမျိုးများ အစိုက်အများဆုံးဖြစ်၍ ပျှမ်းမျှ အထွက်နှုန်းမှာ (၈၅)တင်းနှုန်းခန့် ထွက်ရှိကြောင်း ၊ တစ်ဧက ကုန်ကျစရိတ်မှာ (၄၀၀၀၀၀/-) ကျပ်ကျော်ခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀/-)ကျပ်ကျော်ခန့် ရရှိကြောင်း ၊ နွေစပါး ပေါင်(၅၀) တင်း (၁၀၀)လျှင် (၇၇၀၀၀၀/-) ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် နွေ ဆန်သစ်ပေါက်စျေးနှုန်းမှာ (၂၄)ပြည် တစ်အိတ်လျှင်  (၂၉၀၀၀/-)ကျပ်  ရှိကြောင်း စပါးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)