Main menu

ဟိန်းနဒီ Online ရောင်းဝယ်ရေးလုပ်ငန်းသို့ အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

Powered by Drupal

            ရန်ကုန်တိုင်းဒသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြား ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၂၃) မင်္ဂလာလမ်း၊ (၁၃)ရက်ကွက်ရှိ ဟိန်းနဒီ Online   ရောင်းဝယ်ရေးလုပ်ငန်း သို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးတင်မိုးအောင်၊ သင်္ဃန်းကျွန်းခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ခေါင်းဆောင် ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး လှသိန်း+၅ ၊   အရှေ့ပိုင်းခရိုင်စားသုံးသူရေး ရာဦးစီးဌာနမှ ခရိုင်မှူးဦးလှစိုး+၁၊     မြောက်ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်မှူး ဦးအောင်တင်စိုး + ၁ ၊  အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူး ဦးဝင်းဇော် (၅)+၁၊  မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်မိုးအိစံ + ၁ ၊ (၁၃) ရပ်ကွက်ဥက္ကဌ ဦးသန်းလိူင်တို့ပါဝင်လျက် ဖော်ပြပါလိပ်စာနေရာသို့ (၁၁.၂.၂၀၂၅)ရက်နေ့၊ ညနေ( ၁၅း၀၀)  အချိန်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

         စစ်ဆေးတွေ့ရှိချက်များအရ ဖော်ပြပါနေအိမ်အတွင်း ဘေထုပ်အဝတ်အထည်မျိုးစုံ (40kg)၊  ထုပ်များကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါဘေထုပ်များမှာ တရားဝင်တင်သွင်းထား ခြင်းမဟုတ်ကြောင်း သက်ဆိုင်ရာအကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးတွေ့ရှိခဲ့သောကြောင့် တရားမဝင်ကုန်ပစ္စည်းများအဖြစ် သိမ်းဆည်း၍ အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုပ်လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)