Main menu

အိန္ဒိယ၏စက်မှုလုပ်ငန်းများ၏ထုတ်လုပ်မှုတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၃.၂ ရာခိုင်နှုန်းသို့ နှေးကွေးခဲ့

Powered by Drupal

စက်မှုထုတ်လုပ်မှုအညွှန်းကိန်း (IIP) မှသတ်မှတ်ထားသော အိန္ဒိယနိုင်ငံ၏ စက်ရုံ လုပ်ငန်းများ တိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၃.၂ ရာခိုင်နှုန်းသို့ နှေးကွေး သွားကြောင်းအစိုးရ အချက်အလက်များက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွက် IIP တိုးတက်မှုနှုန်းသည် ၃.၂ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ၅.၂ ရာခိုင်နှုန်း (အမြန်ခန့်မှန်းချက်) ဖြစ်‌ကြောင်းပြည်ထောင်စု စာရင်းအင်းနှင့် အစီအစဉ်အကောင်အထည်ဖော်ရေး (MoSPI) မှ ထုတ်ပြန်သော အချက်အလက် အရသိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွက် ကဏ္ဍသုံးရပ်ဖြစ်သည့် သတ္တုတွင်း၊ ထုတ်လုပ်မှုနှင့် လျှပ်စစ် တိုးတက် မှုနှုန်းမှာ ၂.၆ ရာခိုင်နှုန်း၊ ၃.၀ ရာခိုင်နှုန်းနှင့် ၆.၂ ရာခိုင်နှုန်း အသီးသီးရှိကြောင်းဝန်ကြီးဌာန ၏ အဆိုအရသိရသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွက် သတ္တုတူးဖော်ရေး၊ ထုတ်လုပ်မှုနှင့် လျှပ်စစ်ကဏ္ဍများအတွက် စက်မှုထုတ်လုပ်မှုအညွှန်းကိန်း များသည် ၁၄၃.၁၊ ၁၅၆.၂ နှင့် ၁၉၂.၈ အသီးသီးရှိကြောင်း MoSPI မှ ပြောကြားခဲ့သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍအတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွက် ထိပ်တန်းအပြုသဘော ဆောင်သော ကဏ္ဍသုံးခုမှာအခြေခံသတ္တုများထုတ်လုပ်ခြင်း (၆.၇ ရာခိုင်နှုန်း)၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ခြင်း (၄၀.၁ ရာခိုင်နှုန်း)၊ coke နှင့် သန့်စင်ပြီး ရေနံထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း (၃.၉ ရာခိုင်နှုန်း) တို့ဖြစ်သည်။

DOCA(ရန်ကုန်)