
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံတကာဈေးကွက်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ နှင့်နှိုင်းယှဉ်ပါက ၂၄.၆ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကာ ကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့်ကုန်စည်စီးဆင်းမှုအထွေထွေဦးစီးဌာန၏ ၁၅-၂-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံကျော်ရှိခဲ့ပြီး ၁၇.၃ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်းနှင့် သွင်းကုန်ပမာဏသည် ကန်ဒေါ်လာ ၂.၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၁.၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံခန့်ဖြင့်ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်မှု မိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၁၀၀ သန်းကျော်တန်ဖိုးရှိကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး တင်ပို့မှု ၄၀.၅ ရာခိုင်နှုန်းတိုးလာခဲ့ပြီး တရုတ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ကန်ဒေါ်လာ ၁.၄ ဘီလီယံကျော်တင်သွင်းခဲ့ပြီး ၃၄.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အမေရိကန်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်မှုမိတ်ဖက်နိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၉၀၀ သန်းရှိခဲ့ပြီး ၃၈.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ ကနေဒါ၊ စပိန်၊ အင်ဒိုနီးရှားနှင့် ယူကေနိုင်ငံများကဲ့သို့သော အဓိကကုန်သွယ်မှုမိတ်ဖက်နိုင်ငံများနှင့်ကုန်သွယ်မှု သည်လည်း သိသာထင်ရှားသော တိုတက်မှုများရရှိခဲ့ကြောင်းသိရသည်။
DOCA(ရန်ကုန်)