Main menu

ရေကြည်မြို့နယ်၊ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ရေကြည်မြို့နယ် တာဝန်ခံ ဦးအေးမင်းလတ် နှင့် ဝန်ထမ်းများသည် (၁၇.၂.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် ရေကြည်မြို့နယ် အ.ထ.က မြို့မကျောင်းတော်ဝင်ခန်းမတွင် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် ဆရာ/ဆရာမများအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများဖြစ်သည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်(၁၀) ချက်၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့အား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပြီး၊ Online Sale ရောင်းချခြင်းနှင့် ပတ်သက်၍လည်း Online  မှဝယ်ယူရရှိသောကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊  Online Sale ရောင်းချသူများအား မှတ်ပုံတင်ဆောင်ရွက်နိုင်ရန် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ပညာရေးမှ ဆရာ/ ဆရာမ စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)