
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် TOP ONE သုံးထောင့်မုန့် လုပ်ငန်းသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစိစစ်မှု့တွင် TOP ONE မုန့်လုပ်ငန်းမှ ထုတ်လုပ်သော သုံးထောင်မုန့်များတွင် ပါဝင်ပစ္စည်း အနေဖြင့် (သကြား၊ဂျုံ၊ ဘဲဥ၊ ဆီ၊ ရေသန့် တို့ ပါဝင်ပြီး တစ်နေ့ထုတ်လုပ်မှု့ ဘူးအရေအတွက် (၃၀၀၀)ဘူးခန့် ဖြစ်ပြီး၊ ဈေးကွက်အတွင်း ရောင်းဝယ်မှု့ အခြေအနေပေါ်မှုတည်၍ နေ့စဉ်ထုတ်လုပ်လျက်ရှိပါသည်။ မုန့်တစ်ဘူးလျှင် သုံးထောင့်မုန့် (၆)ခု ပါရှိပြီး တစ်ဘူးလျှင် (၃၃၀၀)ကျပ်နှင့် လက်လီ(၃၅၀၀)ကျပ်ဖြင့် ရောင်းချပေးပါသည်။ ဈေးကွက်အရ ဒေသတွင်းသာမက မှာယူသည့် မြို့နယ်များသို့လည်း ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါသည်။ ထို့နောက် ထုတ်လုပ်သော ကုန်စည်များနှင့် ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု့ ရှိစေရေးနှင့် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကိုလည်း ကုန်စည် ထုတ်ပိုးမှုအပေါ်တွင် ဖော်ပြရန် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)