
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘိုကလေးမြို့ (၃)ရပ်ကွက်ရှိ မူလွန် ကျောင်းတွင် ဆရာ/ဆရာမနှင့်ကျောင်းသူ/သား (၂၁၇)ဦးအား၊ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့ပါသည်။
ထိုဟောပြောပွဲ အခမ်းအနားတွင် မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းများဖြစ်သည့် စားသုံးသင့်သည်ထက် ကျော်လွန်ပြီး အရောင်၊ အနံ၊ အရသာ လှလှပပစားချင်ဖွယ် ပြုလုပ်စားသောက်ကြ၍လည်းကောင်း၊ တာရှည်ခံရန်ဘေးအန္တရာယ်ရှိ ဖော်မလင်ဆေးများ ထည့်သွင်း သုံးစွဲမှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများမရှိစေရန် ကျောင်းသူ/သားများ အစားအသောက် ထုတ်ကုန်များ ဝယ်ယူစားသုံးရာတွင် သက်တမ်းကုန်ဆုံးရက်ကြည့်ရန်နှင့် ကုန်အညွှန်းအမှတ်အသားကို စိစစ်ပြီးမှ ဝယ်ယူစားသုံးရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)