
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၀:၀၀)နာရီအချိန်တွင် ခနောင်ရွာသစ် (အ.မ.က) ကျောင်းတွင် ဆရာ/ဆရာမ (၅)ဦး၊ ကျောင်းသူ/သား (၅၀)ဦးနှင့် စုစုပေါင်း (၅၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးရန်မသင့်သော အစားအသောက်များအကြောင်း၊ ဆိုးဆေးကဲ့သို့သော ဓာတုဆိုးဆေးများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသော မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစား အသောက်များကိုသာ ဝယ်ယူသင့်ကြောင်း ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် call center 1535 သို့ တိုင်ကြားနိုင်ကြောင်း စားသုံးသူများသာမက လုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များပြောကြား၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)