
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မိတ် ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ အလှကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ် ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် သုံးစွဲရန်အသင့်သည့် အလှကုန်များ ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာပါရှိသည့် အလှကုန်ပစ္စည်းများ ရောင်းချနေမှုများရှိ/ မရှိ စစ်ဆေးခြင်း၊ တရားမဝင်တင်သွင်းလာသောအလှကုန်ပစ္စည်းများ ရောင်းချခြင်းများရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)