Main menu

ဘားအံမြို့ရှိ အမှတ် (၂)ရပ်ကွက် ရေပေါ်ဈေးသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင် ဦးဆောင်၍ စားသုံး/ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် (၁၈-၂-၂၀၂၅) ရက် ၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  အမှတ်(၁)ရပ်ကွက် ရေပေါ်ဈေးတွင်  ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီမှ  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် များကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်က ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် ကိုက်ညီမှုရှိသော ကုန်ပစ္စည်းကိုသာရောင်းချကြရန်၊  FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထား ခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကရင်ပြည်နယ်အတွင်း ဦးစားပေးကုန်စည် (၁၀)မျိုးကို သတ်မှတ်ထားပြီး ကုန်စည်အမျိုးအစားအလိုက် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ လစဉ်လျာထားချက်များချမှတ်၍ သက်ဆိုင်ရာအဖွဲ့များနှင့်‌ ပေါင်းစပ်၍ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။

DOCA(ကရင်)