Main menu

သရက်မြို့၊ မြို့မစည်ပင်သာယာဈေးရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၃၀)အချိန်တွင် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီဘူးသွပ်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန် ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါ သတ်မှတ်ချက်များနှင့် ပြည့်စုံခြင်းရှိ/မရှိတို့အား မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သရက်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကုန်စုံဆိုင်များအား ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အထက်ပါ သတ်မှတ်ချက်၊ ညွှန်ကြားချက်များနှင့် ပြည့်စုံ သည့် Lotus အမှတ်တံဆိပ် စားသုံးဆီ၊ GOOD CHOICE အမှတ်တံဆိပ် စားသုံးဆီ၊ ရွှေခေတ္တရာ အမှတ်တံဆိပ် စသည့် စားသုံးဆီဘူးအမျိုးမျိုးတို့ရောင်းချခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး လုပ်ငန်းရှင်များအနေ ဖြင့် ညွှန်ကြားချက်များ ပြည့်စုံစွာမပါရှိသော ဘူးသွပ်ဆီများအား ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားများနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ထောက်ခံချက် ပြည့်စုံစွာပါရှိမှသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)