
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ အောင်လံမြို့နယ်တာဝန်ခံသည် (၁၇.၂.၂၀၂၅) ရက်နေ့၊ နံနက်(၀၈း၃၀) နာရီအချိန်တွင် အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ လမ်းမတော်လမ်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသော အရန်သင့်အစားအစာနှင့် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အရန်သင့်အစားအစာနှင့် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မြို့နယ်တာဝန်ခံမှ ဈေးဆိုင်ပိုင်ရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ထုတ်ပြန်ထား သည့် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များနှင့် ပြည့်စုံသည့် ကုန်စည် များကိုရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)