Main menu

ချောက်မြို့နယ်၌ စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ် ရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ရေးအတွက် (၁၇.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ချောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပုံတောင်ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်၍  စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေးနှင့် လုပ်ငန်းရှင်အခက်အခဲများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)