Main menu

ယူအေအီးနှင့်ယူကရိန်း တို့သည်နှစ်နိုင်ငံ ကုန်သွယ်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့

Powered by Drupal

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နှင့် ယူကရိန်းတို့သည် နှစ်နိုင်ငံကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ရည်ရွယ်သည့် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (CEPA) ကို ဖေဖော်ဝါရီ ၁၇ ရက်က လက်မှတ်ရေးထိုး ခဲ့သည်။ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယူအေအီးသမ္မတ Sheikh Mohamed bin Zayed Al Nahyan နှင့် ယူကရိန်းသမ္မတ Volodymyr Zelensky တို့ အဘူဒါဘီ၌ ကျင်းပခဲ့သည်။ ယူအေအီးသို့ ယူကရိန်း သွင်းကုန်များ၏ ၉၉ ရာခိုင်နှုန်းနှင့် ယူအေအီးသို့ ယူကရိန်း တင်ပို့မှု ၉၇ ရာခိုင်နှုန်းအပေါ် အကောက်ခွန် စည်းကြပ်မှု ချက်ချင်း ဖယ်ရှားလိုက်ကြောင်း UAE ၏ တရားဝင် WAM သတင်းဌာနက ဆိုသည်။ ယူအေအီး၏ GDP တွင် အမေရိကန်ဒေါ်လာ ၃၆၉ သန်းနှင့် ၂၀၃၁ ခုနှစ်တွင် ယူကရိန်း နိုင်ငံ၏ GDP သို့ ဒေါ်လာ ၈၇၄ သန်း ပံ့ပိုးပေးမည်ဟု မျှော်လင့်ရပြီး ယူကရိန်း၏ စီးပွားရေး ပြန်လည် ဦးမော့လာမှုကို အရှိန်မြှင့်ပေးမည်ဟု WAM က ဆိုသည်။ ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်း ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သက်ရောက်မှုများအား လျော့ပါးသွားအောင် ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်သော ကြိုးပမ်းမှုအားလုံးကို ထောက်ခံကြောင်း ယူအေအီး သမ္မတက ၎င်း၏ ကတိကဝတ်ကို ထပ်လောင်း ပြောကြားခဲ့သည်။ Zelensky သည် ယူကရိန်းနှင့် ယူအေအီးကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ၎င်း၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပြီး ကဏ္ဍ အသီးသီးတွင် ရရှိနိုင်သော အခွင့်အလမ်းများစွာကို မီးမောင်းထိုးပြခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ သည် အထူးသဖြင့် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး စသည့်ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့ကြောင်းသိရ သည်။

DOCA(ရန်ကုန်)