Main menu

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၇.၅ သန်း တင်ပို့ရန်စီစဥ်လျှက်ရှိ

Powered by Drupal

          ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၇.၅ သန်းကျော်တင်ပို့ရန်စီစဥ်ထားပြီး အများစုမှာ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံဖြိုးတိုးတက် ရေးဝန်ကြီးဌာန၏ အဆိုအရသိရသည်။ ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ဒေသတွင်းဆန်တန်ချိန် ၂၄ သန်းခန့်ထွက်ရှိရန်လည်း မျှော်မှန်းထားကြသည်။ ပထမနှစ်ဝက်တွင်ပြည်ပသို့ ဆန်တန်ချိန် ၄.၅၃ သန်းခန့်တင်ပို့မည်ဖြစ်ပြီး ကျန်တန်ချိန် ၃ သန်းအား ဒုတိယနှစ်ဝက်တွင် တင်ပို့မည်ဟု ဗီယက်နမ် သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၁၇ ရက်နေ့ကဖော်ပြခဲ့သည်။ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနသည် ဆန်စပါးအထွက်နှုန်းအထွတ်အထိပ်သို့ရောက်ရှိရန်မျှော်မှန်းထားပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများတွင် ဆန်တင်ပို့မှုမြှင့်တင်ရန် ကုန်သွယ်ရေးဝန်ကြီးဌာနက အဆိုပြုထားသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင်ဆန်ဟတ်တာ ၇ သန်းစိုက်ပျိုးမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်ကထက် ၁၃၂၀၀၀ လျှော့နည်းမည်ဟု ခန့်မှန်းထားကြသည်။ နိုင်ငံ၏ဆန်အထွက်နှုန်းမှာ တန်ချိန် ၄၃.၁ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃၂၃၀၀၀ တန်ကျဆင်း သွားကြောင်းသိရသည်။

DOCA(ရန်ကုန်)