
တရုတ်နိုင်ငံသည် ဥဇဘတ်ကစ္စတန်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ကုမ္ပဏီပေါင်း ၃၄၆၇ ခုဖြင့် ဦးဆောင်ခဲ့ကြောင်း နိုင်ငံ၏ စာရင်းအင်းအေဂျင်စီကိုကိုးကား၍ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ယခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ဥဇဘတ်ကစ္စတန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသော လုပ်ငန်းနှင့်အဖွဲ့အစည်းစုစုပေါင်း အရေအတွက်မှာ ၁၉၁၆၃ ခု အထိရှိလာခဲ့ ကြောင်း အစီအရင်ခံစာတွင်ဖော်ပြထားသည်။
စာရင်းဇယားများအရ ရုရှားသည် လုပ်ငန်းပေါင်း ၂၉၇၃ ခု နှင့် ဒုတိယနေရာတွင်ရပ်တည်နေ ပြီး တူရကီမှ ၁၈၆၉ ခုရှိကြောင်းသိရသည်။
ဥစ္စဘတ်သမ္မတ၏ သတင်းစာရှင်းလင်းပွဲတွင် ဥဇဘတ်ကစ္စတန်သည် ၂၀၂၅ ခုနှစ်တွင်ရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံကို ဆွဲဆောင်နိုင်ရန်စီစဥ်ထားကြောင်းသိရသည်။
DOCA(ရန်ကုန်)