
ပိုလန်ဝန်ကြီး Donald Tusk နှင့် Microsoft ၏ ဒုတိယ ဥက္ကဌ Brand Smith တို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က တွေ့ဆုံမှုအပြီး Microsoft မှ ပိုလန်နိုင်ငံတွင် ၂.၈ ဘီလီယံ Polish Zolty (အမေရိကန်ဒေါ်လာ သန်း၇၀၀) အားနောက်ထပ်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတည်ပြုခဲ့ကြောင်း သိရ သည်။ Mozovia တွင် Microsoft ဘက်မှအတည်ပြုခဲ့ကြောင်းသိရသည်။ Mozovia တွင် Microsoft ဘက်မှ အတည်ပြုလိုက်သောရင်းနှီးမြုပ်နှံမှုသည် ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးခဲ့သော ပထမအဆင့်၏ အဆက်ဖြစ်ကြောင်း Tusk က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပြီး ရင်းနှီးမြုပ်နှံမှုသည်နို င်ငံ၏အနာဂတ်လုံခြုံရေး၊ လူငယ်များ၊ စွန့်ဦးတီထွင်သူများနှင့် သိပ္ပံပညာရှင်များကို မြှင့်တင်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ Smith ၏ အဆိုအရ စုစုပေါင်းဒေါ်လာသန်း ၇၀၀ ရှိသောရင်းနှီးမြုပ်နှံမှု ခြေလှမ်းအသစ်ကို ယခုမှစတင်ပြီး ၂၀၂၆ ခုနှစ်နွေရာသီအထိအကောင်အထည်ဖော်မည်ဖြစ်သည်။ Microsoft သည်ပိုလန်တွင် Cloud ဒေသတစ်ခုတည်ထောင်ရန် ၂၀၂၀ တွင် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြုပ်နှံထားကြောင်း ၎င်းသည် ၂၀၂၃ ခုနှစ်တွင်ပြီးစီးခဲ့ကြောင်းအသစ်ကြေညာထားသော ရင်းနှီး မြှုပ်နှံမှုများသည် ပိုလန်နှင့်ဥရောပ၏ ပိုမိုကျယ်ပြန့်သောဒေသတွင် ကွန်ပျူတာစွမ်းအင်မြှင့်တင်ရန် ရည်ရွယ်သည့် ဒုတိယခြေလှမ်းဖြစ်ကြောင်း Smith ၏အဆိုအရသိရသည်။ ပိုလန်တွင် Microsoft Cloud ဝန်ဆောင်မှုများနှင့် ကွန်ပျူတာစွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှုများအား ပိုလန်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆိုက်ဘာလုံခြုံရေးကြိုးပမ်းမှုများအတွက်အဓိက အသုံးပြုမည်ဖြစ် ကြောင်းသိရသည်။
DOCA(ရန်ကုန်)