
ကနေဒါ၏ Saskatchewan ပြည်နယ်သည် ကုန်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပြည့်ဖြိုးမြဲ စွမ်းအင်၊ သတ္တုတူးဖော်ခြင်းနှင့် လုပ်သားထုလေ့ကျင့်ခြင်း တို့တွင် ဗီယက်နမ်နှင့် ပူးပေါင်း ဆောင်ရွက်မှုနက်ရှိုင်းရန် ကြိုးပမ်းလျှက်ရှိကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဒုတိယဝန်ကြီးဖြစ်သူ Nguyen Hoang Long နှင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟနွိုင်းတွင်ကျင်းပပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် Saskatchewan ပြည်နယ်၏ ကုန်သွယ်ရေး နှင့်ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဖြစ်သူ Warren Kaeding ကဗီယက်နမ်၏ စီးပွားရေး လုပ်ငန်းစဉ်များကိုချီးမွမ်းခဲ့ပြီး ပြည်နယ်နှင့်ဗီယက်နမ်ကြား အပြန်အလှန် အကျိုးအမြတ်ရရှိခဲ့မှုများကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ အစဉ်အလာ ကဏ္ဍများကိုကျော်လွန်၍ Saskatchewan ပြည်နယ်သည် ပြည့်ဖြိုးမြဲစွမ်းအင်၊ သတ္တုတူးဖော်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းတို့တွင် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် ဆန္ဒရှိနေကြောင်း သိရပါသည်။ Long က နှစ်နိုင်ငံ၏ တံခါးဖွင့်ထားသောစီးပွားရေးမူဝါဒများ၊ အင်ဒို-ပစိဖိတ်မဟာ ဗျူဟာအောက်ရှိ ကနေဒါ၏ ဈေးကွက်ကွဲပြားရန်ကြိုးပမ်းမှု၊ နှစ်နိုင်ငံကြားစီးပွားရေးဆက်နွယ်မှု တို့အပေါ် ၎င်း၏အမြင်ကို ဖော်ပြခဲ့ပါသည်။ နှစ်ဖက်စလုံးသည် ပူးပေါင်းဆောင်ရွက်မှုစာရွက် စာတမ်းလက်မှတ် ရေးထိုးရန် ဆွေးနွေးခဲ့ကြပြီး အသေးစိတ်အချက်အလက်များလုပ်ဆောင်ရန် လုပ်ထုံးလုပ်နည်း ဆိုင်ရာ အဖွဲ့များ ဖွဲ့စည်းရန်သဘောတူညီခဲ့ကြောင်း သိရပါသည်။ ယခုဆွေးနွေး မှုသည် အစိုးရအဆင့်နှင့်ပြည်နယ်အဆင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်ရန်ရည်ရွည်ပြီး ၂၀၂၄ ခုနှစ် မတ်လက ဟနွိုင်းမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ဗီယက်နမ်-ကနေဒါပူးတွဲစီးပွားရေးကော်မတီ ဒုတိယအပိုင်းဆွေးနွေးမှုမှတစ်ဆင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ Saskatchewan ပြည်နယ်သည် ကနေဒါနိုင်ငံ၏ တတိယ အကြီးမားဆုံးပြည်နယ်ဖြစ်ပြီး ပဥ္စမမြောက်စီးပွားရေးအကြီးမားဆုံးပြည်နယ်ဖြစ်ကြောင်း သိရ ပါသည်။ ပြည်နယ်သည် စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် သတ္တုလုပ်ငန်းများနှင့်ပတ်သတ်၍ လူသိများကြောင်း သိရပါသည်။
DOCA(ရန်ကုန်)